စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၇-၈-၂၀၂၃)ရက်နေ့ နံနက်(၀၇:၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး ကမ်ပိန်း(Campaign) ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ် အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် နံနက်(၀၉:၀၀)နာရီအချိန်တွင် သရက်ခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ပါဝင်သောအဖွဲ့စုံဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကံမမြို့ အမှတ်(၁/၂/၄)ရပ်ကွက်ရှိကုန်စုံဆိုင်၊ အလှကုန်စတိုး ဆိုင်(၅)ဆိုင်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ သုံးစွဲရန်မသင့်တားမြစ်ထားသော အလှကုန်တစ်မျိုးဖြစ်သည့် ANYLADY /12 colourအမှတ်တံဆိပ် Eyeshadow Palette (18)g တွင် တားမြစ်ဓာတုပစ္စည်း Rhodamine B & (Lead) ပါဝင်နေခြင်းကြောင့် သုံးစွဲသူများဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး အတွက်ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ တားမြစ်ဓာတုပစ္စည်း ပါဝင်သည့် အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်၊ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသောကုန်စည်များသာ ရောင်းချရန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားပြီး ဥပဒေနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)