Main menu

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပလတ်စတစ်အိတ် မသုံးစွဲရေးနှင့် ကုန်အညွှန်း အမှတ်အသားမပြည့်စုံသော အချိုရည်နှင့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ မရောင်းချစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးပေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၌ (၇.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရေး Campaing နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အချိုရည်များနှင့် သုံးစွဲရန်သင့်သော အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ရောင်းချရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ဖြူမြို့နယ် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆိပ်ဖြူမြို့ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ယောဝရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အချိုရည်အမျိုးမျိုးနှင့် သုံးစွဲရန်မသင့်သည့် အလှကုန်များအား ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ ၄၁ အရ ပုဒ်မခွဲ (ခ)၊(ဆ)ပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်ဖော်ပြခြင်း၊ မြန်မာဘာသာဖြင့် မဖြစ်မနေ ပါဝင်ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် အချိုရည်အမျိုးမျိုးထုတ်လုပ် ရောင်းချဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA(မကွေး)