Main menu

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဝန်ထမ်းအိမ်ယာများနှင့် ပြည်သူများသို့ စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများသတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၁.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့အမှတ်(၄) ရပ်ကွက်ဟင်္သာကုန်း၊ နန်းလုံးကြိုင်လမ်း၊ ဇွဲကပင်လမ်းနှင့် အမှတ်(၅)ရပ်ကွက် စိန်ပန်းပြာလမ်းရှိ ဝန်ထမ်းအိမ်ယာများနှင့် ပြည်သူများအား ကရင်ပြည်နယ်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှဈေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင်(၄၅၅၀)ကျပ်၊ ဘူးခွံဖိုး (၅၀၀)ကျပ် စုစုပေါင်း စားအုန်းဆီ (၁)ပိဿာလျှင်(၅၀၅၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးနေမှုအား ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သွားရောက်ပူးပေါင်း ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းကြီးကြပ်ဆောင်ရာတွင် စားအုန်းဆီများရောင်းချရာ၌ ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်မှန်ကန်စေရေး၊ ပြည်သူများဆီသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချရန်၊ ဈေးကွက်အတွင်း သက်သာမှန်ကန်သောဈေးနှုန်းများဖြင့်ရောင်းချရန်၊ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေးနှင့် စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကွင်းဆင်းကြီးကြပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)