ကရင်ပြည်နယ် ၊ ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် (၁၀-၈-၂၀၂၃) ရက်နေ့တွင် စိုးရိမ်အမှတ်ကျော်လွန်နေ၍ ဘားအံမြို့နှင့် အနီးတဝိုက်ကျေးရွာများရှိ နေအိမ်များရေနှစ်မြုပ်လျက်ရှိရာ ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှုဦးသန်းဦးပါ ဝန်ထမ်းများသည် လှာကာကျေးရွာအုပ်စု သုဓမ္မရံသီဘုန်းကြီးကျောင်းရှိ ရေဘေးစခန်းဖွင့်လှစ်ထားသည့်နေရာတွင် ကြီးကြပ်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း နိုင်ငံအဝန်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်အထက်ပိုင်း တောင်ပေါ်ဒေသများမှ မြေပြိုကျခြင်းနှင့် ရေအဆမတန်စီးဆင်းလာခြင်းတို့ကြောင့် သံလွင်မြစ်ရေ မြင့်တက်ခဲ့ပြီး ဘားအံမြို့နှင့်အနိမ့်ပိုင်းဒေသကျေးရွာများရှိ နေအိမ်များရေနစ်မြုပ်လျက်ရှိရာ လှာကာကျေးရွာအုပ်စု သုဓမ္မရံသီဘုန်းကြီးကျောင်းတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းသို့ အနီးအနားပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လှာကာ၊ ဖားပု၊ တရုတ်လှ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများ လာရောက်ခိုလှုံလျက်ရှိကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကူညီကယ်ဆယ်ပြီး အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ ပြင်ပအလှူရှင်များမှလည်း လာရောက်လှူဒါန်းမှု ပြုလုပ်ထောက်ပံ့ခြင်းတို့တွင် စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ် ဦးစီးမှုးဦးသန်းဦးပါ ဝန်ထမ်းများသည်လည်း ကယ်ဆယ်ရေးနှင့်လှူဒါန်းမှုလုပ်ငန်းများအတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ရှိ သံလွင်မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိအချိန်တွင် ၉၁၆ စင်တီမီတာအထိ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)