Main menu

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File ပြုစုထိန်းသိမ်းရေးသင်တန်းဖွင့်လှစ်

Powered by Drupal

      မှတ်တမ်းမှတ်ရာ အထောက်အထားပြည့်ပြည့်စုံစုံတင်ပြနိုင်ပြီး ခေတ်အဆက်ဆက်ဌာန သမိုင်းပြုစုရာတွင်လည်း အထောက်အကူရရှိနိုင်စေရန်၊ အထက်ဌာနသို့ အစီရင်ခံတင်ပြခြင်းနှင့် ပြည်သူများသို့ ဌာန၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင်လည်း Video File များဖြင့် ဝေဝေဆာဆာ ဖော်ပြနိုင်စေရန်၊ ဒုတိယဦးစီးမှူးနှင့် အထက်ရှိ ဝန်ထမ်းတိုင်း မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File များ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File ပြုစုထိန်းသိမ်းရေးသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍  မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (၇.၈.၂၀၂၃ )  ရက်နေ့နှင့် (၈.၈.၂၀၂၃)ရက်နေ့များတွင်  ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို (၇.၈.၂၀၂၃) ရက်နေ့တွင် နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲကို တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ချမ်းအေသာဇံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပို့ချမည့်သင်ခန်းစာမိတ်ဆက် ပြောကြားခဲ့ပါသည်။ ထို့နောက်သင်တန်းကို တိုင်းဒေသ◌ကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဆက်လက်ပို့ချခဲ့ရာ တို်ငးဦးစီးမှူးရုံးမှ သင်တန်းသား၊ သင်တန်းသူ(၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။သင်တန်းတွင် မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File ပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ သိလိုသည်များကိုလည်း သင်တန်းနည်းပြမှ ရှင်းလင်းသင်ကြားခဲ့ပါသည်။ သင်တန်းကို (၇.၈.၂၀၂၃) ရက်နေ့မှ နေ့လယ် (၁၄:၀၀) နာရီတွင် စတင်သင်ကြားခဲ့ပြီး  ၈.၈.၂၀၂၃ရက်နေ့၊ ညနေ (၁၆:၃၀) နာရီတွင် သင်တန်းပြီးဆုံးခဲ့ပါသည်။

DOCA(မန္တလေး)