၂၀၂၃ခုနှစ် ၊ သြဂုတ်လ (၅) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမတွင် မိတ္ထီလာမြို့ မြို့မစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စုစုပေါင်း (၃၇၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ဦးဇော်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းရသည့်ရည်ရွယ်ချက် ၊ စားသုံးသူအခွင့်အရေးနှင့် တာ၀န်များ ၊ လုပ်ငန်းရှင်၏တာ၀န်များ ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက် ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး ၊ ၀န်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သော ကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သောwww.doca.gov.mm မှလည်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Applicationအား playstoreတွင် download ရယူ၍ ထိုApplicationမှ တဆင့်လည်းတိုင်ကြားနိုင်ကြောင်း၊ Hotline Number 1535မှ လည်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်မှ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုနှင့်ပတ်သတ်၍ ကမ္ဘာ့ကုလသမ္ဂမှ ချမှတ်သော “ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဆို့”ဖြင့် ဟောပြောနွေးခဲ့ပါသည်။ မိတ္ထီလာခရိုင် ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးမှ ယခုလို လာရောက်ဟောပြောသည့်အတွက် ကျောင်းအုပ် ဆရာ/ဆရာမကြီးများအနေဖြင့် အသိပညာဗဟုသုတများ များစွာရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားပြောခဲ့ပြီး ဟောပြောပွဲကို (၁၂:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)