
ကန့်ဘလူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ၁၁ ရက် နံနက် ၁၁:၀၀ နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ကန့်ဘလူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဦးမျိုးဝင်းသန်းက အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအကြောင်း၊ အွန်လိုင်းစနစ်မှတဆင့် ဝယ်ယူခြင်း မပြုမီ စိစစ်ရမည့်အချက်များအကြောင်း၊ အွန်လိုင်းစနစ်မှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းများအနေနဲ့ စားသုံးသူတွေအပေါ် လိုက်နာဆောင်ရွက်ပေးရမည့် အချက်များအကြောင်း၊ အွန်လိုင်းစနစ်မှတဆင့် ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရ နိုင်သည့် အချက်များအကြောင်းနှင့် မမှန်မကန်ရောင်းချသည့် အွန်လိုင်းစနစ်မှတဆင့် ရောင်းချသူများကြောင့် စားသုံးသူအများစုမှာ လိမ်လည်လှည့်ဖြားခံရပြီး နစ်နာဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသည်ကို တိုင်ကြားမှုများအရ သိရှိရသောကြောင့် သေချာစွာစိစစ်ရွေးချယ်ဝယ်ယူသုံးစွဲကြပါလို့ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)