![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.16.jpg?itok=oqJrigbC)
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေသည် ဩဂုတ်လ ၉ ရက်နေ့ ၊ နေ့လယ်ပိုင်းက တောင်ငူမြို့၊ ကေတုမတီဟိုတယ်၊ ဘုရင့်နောင်ခန်းမ၌ Good Brothers’ Company Limited က ကျင်းပသည့် ကုန်ပစ္စည်းသရုပ်ပြ မိတ်ဆက်ပွဲတွင် တက်ရောက်လာသော ဆန်စက်လုပ်ငန်းရှင်များအား Gasifier အသုံးပြုခြင်း၊ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ရေဆိုးသန့်စင် ခြင်းများကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
Good Brothers’ Company Limited သည် နံနက် ၉ နာရီမှစတင်၍ ၎င်းတို့ ကုမ္ပဏီ ထုတ် ဆန်စက်ပစ္စည်းများကို ကေတုမတီဟိုတယ်၊ ဘုရင့်နောင်ခန်းမရှေ့၌ စတင်ခင်းကျင်းပြသ ပါသည်။ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို နံနက် ၁၀ နာရီတွင် ကျင်းပရာ Good Brothers’ Company Limited မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှ ပညာရှင်များက ၎င်းတို့ ကုမ္ပဏီထုတ် စက်ပစ္စည်းများ နှင့် ဓါတ်မြေဩဇာများအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ဘဏ်မှ ပေးအပ်နေသည့် ဝန်ဆောင်မှုများ အကြောင်းကိုလည်းကောင်း၊ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက် (Gasifier Power Plant) ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သုံးစွဲခြင်း၏ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။
အခမ်းအနားသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေဝင်းအောင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ ဆန်စက်လုပ်ငန်းရှင်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြောင်း၊ အခမ်းအနားမစတင်မီနှင့် အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော ဆန်စက်ပစ္စည်းများအား ကြည့်ရှုအားပေးကြ ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)