![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.18.jpg?itok=jZ2pL09l)
၁၀.၈.၂၀၂၃ရက်နေ့တွင် ညောင်လေးပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံ ဦးမျိုးမြင့်သည် သမဝါယမဦးစီးဌာနနှင့်အတူပူးပေါင်း၍ အမှတ်(၉) ဖအောင်ဝဲရပ်ကွက်ရှိ ‘လမင်း’မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် သမဝါယမဦးစီးဌာနနှင့်အတူ ‘လမင်း’ မုန့်မျိုးစုံလုပ်ငန်းမှ မုန့်ထုတ်လုပ်နေမှုများ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ လေ့လာခဲ့ပါသည်။ထို့နောက် “လမင်း” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး Packing ထုတ်ပိုးမှု အဆင့်မြှင့်တင်နိုင်ရေး လိုအပ်မည့်အချက်အလက်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို လုပ်ငန်းရှင်အား ရှင်းလင်းတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)