Main menu

ကျောက်တံခါးမြို့နယ်တွင်း အ‌ခြေခံလူတန်းစားများအား ဆန်၊ဆီနှင့်အသားငါးများ ရောင်းချနေမှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်  ၊  ကျောက်တံခါးမြို့နယ်အတွင်းရှိ  အခြေခံ လူတန်းစားများကို ဆန် ၊ ဆီ ၊ အသား နှင့် ငါးများကို  သက်သာသော ဈေးနှုန်းဖြင့်  ရောင်းချပေး နေပါသည်။ အခြေခံလူတန်းစားများ  စားဝတ်နေရေး  အဆင်ပြေစေရန်အတွက် ယခုအပတ်တွင် ဆန်  (၁)  ပြည် ၂၅၀၀ ကျပ်၊ ဆီ (၅၀)ကျပ်သား တစ်ဘူးလျှင် ၃၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ် နှင့် ကြက်ဉ(၁)လုံး လျှင် ၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေပါသည်။

   ကျောက်တံခါးမြို့နယ်တွင်းအ‌ခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို   စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့မှ  ဝန်ထမ်းများ  ပူးပေါင်းပါဝင်၍ ရောင်းချပေးနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)