Main menu

တောင်ငူမြို့တွင် ဆန်စပါးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

     မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြီးမှူးကျင်းပသည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ဆန်စပါး MSME ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် တွင် ပဲခူးတိုင်းဒေသကြီး၊ ‌တောင်ငူမြို့၊ ကေတုမတီဟိုတယ်၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က အစည်းအဝေးကျင်းပ ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်ဦးက ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကိုလည်း‌ကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က နိုင်ငံတာကာဈေးကွက်အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ ဝါးတန်းကုန်စည်ဒိုင် ဥက္ကဌ၊ ဦးကျော်ကိုဆန်းက ပြည်တွင်းဆန်စပါးဈေးကွက်အခြေအနေနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

  ဆက်လက်၍ ယွန်းသျှံကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦအောင်မျိုး၊ တောင်ငူမြို့နယ် ဆန်စက်ပိုင်ရှင်အသင်းဥက္ကဌ ဦကျော်စိုးမိုး၊ ပြည်ပပို့ကုန်လုပ်ငန်းရှင် ဦးအောင်ဇေယျ၊ ဒိုက်ဦးမြို့နယ် ဆန်စပါးအသင်း ဥက္ကဌ၊ ဦးအောင်မြင့်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးနေလင်းဇင်၊ ဗဟိုအလုပ်အမှုဆောင်ဦးသောင်းဝင်းတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပါသည်။

    ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ၊ ဦးရဲမင်းအောင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၃:၀၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်းနှင့် အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ညောင်လေးပင်နှင့် တောင်ငူခရိုင်တို့မှ ဆန်စပါးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၈၀)ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)