Main menu

လွိုင်ကော်မြို့တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိ

Powered by Drupal

စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းမှုစီစဉ်မှုဖြင့် ပြည်ပမှ စားအုန်းဆီများ တင်သွင်းခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု အစီအစဉ်ဖြင့် တစ်ပိဿာလျှင် လက်လီဈေး ငွေကျပ် (၄၁၀၀)ကျပ်နှုန်းဖြင့် လွိုင်ကော် မြို့ပြည်နယ်ခန်းမ၌ အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိနေ့စဉ် နံနက် (၉း၃၀) မှညနေ(၁၆း၃၀)နာရီထိ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် တစ်ပိဿာ နှုန်းဖြင့် ဦးစွာ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)