၂၆.၁၀.၂၀၂၁ ရက်နေ့၊ နံနက် ( ၉ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သော ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ချိုးလှကွင်း ၊ ကွင်းအမှတ် (၃၁၄.ခ) ၊ ဦးပိုင်အမှတ် (၂၃/၁) ဆင်းသုခ - မိုးစပါး စံကွက်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဌာန ၊ မြို့နယ် စိုက်ပျိုးမွေးမြူ ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ ၊ တောင်သူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦး မြို့နယ် တာဝန်ခံမှ ပူးပေါင်းပါဝင် တက်ရောက်ခဲ့ပါသည်။
ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၂၁ ခုနှစ် ၊ မိုးစပါးစိုက်ဧက ၂၆၉၅၂၂၇ ဧက စိုက်ပျိုးထားရှိပြီး ၊ မိုးစပါး ကောက်စောစပါးများ စတင်ထွက်ပေါ်လျှက်ရှိရာ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံပြ စိုက်ဧက ၃၅ ဧက စိုက်ကွက် (၉)ကွက် စိုက်ပျိုးထားရှိမှုအပေါ် တောင်သူ ဦးမောင်စိုး၏ ဆင်းသုခ - မိုးစပါး စံကွက်၌ ရိတ်သိမ်းပွဲ ကျင်းပခဲ့ရာ စပါးတစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်းစပါးတင်း (၁၀၀.၂၈)တင်း ထွက်ရှိကြောင်း၊ သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)
၂၀၂၁-၂၀၂၂ ခုနှစ်၊ ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ
Powered by Drupal