Main menu

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ အောင်သာယာဈေးနှင့် ဆိပ်ကမ်းသာဈေးရှိ စားသုံးဆီဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄.၈.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီက  မော်ကျွန်းမြို့နယ်၊ အောင်သာယာဈေးနှင့် ဆိပ်ကမ်းသာဈေးအတွင်းရှိ စားသုံးဆီဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်(၄)ဆိုင်ရှိ Goody , Meizan   Lotus, ရွှေတောင်စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ပြည်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါ ဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၂/၂၀၀၉၊ ၁/၂၀၂၁ ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)