![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/21.12.jpg?itok=2Ua8-2d9)
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်နှင့်အတူ မင်းကြီးလမ်းရှိ ဖြိုးမိုးစတိုးဆိုင်တွင် ရောင်းချနေသော အချိုရည်မျိုးစုံများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ် မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဩဂုတ်လ(၁၆)ရက်၊ နံနက် (၁၀:၀၀) နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအချိုရည်ဆိုင်အတွင်းရှိ အချိုရည်မျိုးစုံအား ကုန်အညွှန်း အမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှု ရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန်အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)