Main menu

ကျောက်ဖြူမြို့မဈေးအတွင်း ကုန်မျိုးစုံ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ကျောက်ဖြူမြို့နယ်အနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ စားသုံးသူများ နေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာတွင် ကျောက်ဖြူခရိုင် ဦးစီးမှူး ဦးအေးကျော် (လ/ထ-ညွှန်ကြားရေးမှူး)၏ လမ်းညွှန်မှုဖြင့် ကျောက်ဖြူမြို့နယ်ရုံးမှ ဦးမောင်စောဝေ (ဒု-ဦးစီးမှူး) သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၇) ရက်နေ့ ၊နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့မြို့မဈေးအတွင်း ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်၍ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချ လျှက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဆိုင်ရှင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)