Main menu

မင်းပြားမြို့နယ်တွင် အသိပညာပေးဟောပြောခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် (၁၆-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၁၃၅) ဦးနှင့် သင်တန်းပို့ချမည့်ဆရာ/မ(၁၅)ဦး၊ စုစုပေါင်း(၁၅၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။

   အဆိုပါ ဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြောက်ဦးခရိုင်မှူး ဦးဦးလှထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မင်းပြားမြို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)မှ ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဌာန်းထားသော စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူများ လိုက်နာရမည့်တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းနှင့် တာဝန်များအချက်(၁၁)ချက်နှင့်အခန်း(၁၈) ၊ ပုဒ်မ(၄၁)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားတွင်ထည့်သွင်းဖော်ပြရမည့်အချက်(၈)ချက်အားလည်းကောင်း၊ စားသုံးသူအခွင့်အရေးများကို သိရှိပြီးနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများ ဖွင့်လှစ်ထားရှိ ဆောင်ရွက်နေပါကြောင်း အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

       ထို့နောက် နယ်စပ်ဒေသလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး      ဦးကျော်ကျော်စိုးမှကျေးဇူးတင်စကားပြောကြားပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ်(၃:၃၀)မိနစ်အချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)