Main menu

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် (ဦးစီးအရာရှိ)သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

    အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊  စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာမှုအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၁)၊ အခန်း(၁၂)၊ အခန်း(၁၃)၊ အခန်း(၁၄)တို့၌ ပြဌာန်းထားသော စီးပွားရေးလုပ်ငန်းရှင်က ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊တယ်လီဖုန်းဖြင့် ဖြစ်စေ၊  Facebook စာမျက်နှာများကဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535DOCA Myanmar Applicationနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Websiteတွင် တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)