Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပေးအပ်ထားသော မိုးစပါး စီမံကိန်းလုပ်ငန်းစာရင်းများ စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်‌ရေး ၊ အရင်းမပျောက် မတည်ရန်ပုံငွေ (၈၆) ဘီလီယံဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် သွင်းအားစုများ ဖြန့်ဖြူးရေးအတွက် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဦးဆောင်၍ အဖွဲ့ဝင်  တိုင်းအဆင့်ဌာနဆိုင်ရာ (၉) ဦးနှင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မိုးစပါးစီမံကိန်းဆောင်ရွက်ရာတွင် လုပ်ငန်းစီမံချက်အရ ဝယ်ယူကြိတ်ခွဲတင်ပို့သူများ သွင်းအားစုကုမ္ပဏီများ တောင်သူများပါဝင်သော စာချုပ် (၁) ခု၊ တိုင်းအဆင့် ကော်မတီနှင့် ဝယ်ယူကြိတ်ခွဲအဖွဲ့ (၁) ခု ၊ စုစုပေါင်းစာချုပ် (၂) ဆင့် ချုပ်ဆို၍ (၅၀%) အာမခံပစ္စည်းပါရှိရမည်ဖြစ်ကြောင်း ခရိုင်/မြို့နယ် လုပ်ငန်းကော်မတီများအနေဖြင့် စာချုပ်စတင် ချုပ်ဆိုသည့် အချိန်မှစ၍ သွင်းအားစု ရယူသည့်အထိ တောင်သူ (၁) ဦးချင်း မှတ်တမ်းထားရှိရန်နှင့် တိုင်းအဆင့်ကော်မတီမှ ဝယ်ယူကြိတ်ခွဲတင်ပို့သူများနှင့် စာချုပ်ချုပ်ဆိုရာတွင် ၎င်းတောင်သူ စာရင်းများ တင်ပြရမည်ဖြစ်ပြီး လုပ်ငန်းစဉ်ပါအတိုင်း ပါရှိရမည့် အာမခံပစ္စည်းများအား စစ်ဆေးပြီး အာမခံပေးရန်နှင့် မြို့နယ်/ခရိုင်များမှ စစ်ဆေးအတည်ပြုထားသည့် ဝယ်ယူကြိတ်ခွဲ အဖွဲ့များကိုသာ တိုင်းအဆင့်ကော်မတီမှ အတည်ပြုပေးသွားမည်ဖြစ်ကြောင်း တွေ့ရသည်။

   ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဩဂုတ်လ (၁၆) ရက်နေ့ ၊ မိုးစပါးဆောင်ရွက်လျက်ရှိသော ခရိုင်/မြို့နယ်ကော်မတီဝင်များအား တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ပထမအကြိမ်လုပ်ငန်းစီမံချက် (SOP) ပါအတိုင်း ဆောင်ရွက် ထားရှိမှုများကို စစ်ဆေးခဲ့ရာ စားသုံးသူ‌ရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးတက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)