ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ (အ.ထ.က-၂) ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားတွင် ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ဆေးရုံအုပ်ကြီးဒေါက်တာဇင်မာစိုး ၊ကျောင်းကျန်းမာရေးဥက္ကဌ၊မြို့နယ် လက်ထောက်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပြီး ဆေးရုံအုပ်ကြီးက အဖွင့်အမှာစကားပြောကြားကာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စ္စည်များ ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်စည်များကိုလည်း ရွေးချယ်ဝယ်ယူ စားသောက်ကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့် ဘေးအန္တရာယ်မရှိသော ကုန်စည်များကို နှိုင်းယဉ်ဖော်ပြ၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများကို အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ကျန်းမာရေးဌာနမှဝန်ထမ်း(၁၀)ဦး၊ ဆရာ/ ဆရာမ(၂၄)ဦး၊ကျောင်းသား/ကျောင်းသူ(၂၀၀)ဦး၊စုစုပေါင်း(၂၃၄)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)