Main menu

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၅.၈.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည်  စက်မှုဇုန်၊ ရွှေဘိုမြို့ရှိ ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ ဆန်စက်အနေဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ၊ စပါး/ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ သိုလှောင်ထားရှိမှု၊ လက်ကျန်အခြေအနေနှင့် ကုန်စည်စီးဆင်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးပြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူအခွင့် အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)