စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ သြဂုတ်လ( ၂၁ ) ရက်နေ့ ၊နံနက်(၁၀:၃၀)နာရီအချိန်၌ ကလေးမြို့(အ.မ.က-၃) ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၂၀ ) ဦး၊ ကျောင်းသား/သူ ( ၇၀ )ဦး၊ စုစုပေါင်း ( ၉၀ ) ဦးတို့အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သန်းသန်းဝင်း (ခရိုင်ဦးစီးမှူး)က အဖွင့်အမှာစကားပြောကြားပြီး ဒေါ်သိမ့်သိမ့်ထွန်း(ဒု-ဦးစီးမှူး) ကျောင်းသား/သူများအား မည်သည့်ပစ္စည်းကို ဝယ်ယူသည်ဖြစ်စေ မိမိတို့အနေဖြင့် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များပါ/မပါကို ကြည့်ရှု၍ဝယ်ယူရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)