စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့်အတူ ၂၀၂၃ခုနှစ်၊ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရန် အရေးကြီးပုံများ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရန်တွင် ကုန်အညွှန်းအမှတ်အသားအတိုင်း လိုက်နာသုံးစွဲရန် လိုအပ်ပုံများကို ဟောပြောဆွေးနွေးပါသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူများအား နံရံကပ်ပိုစတာများ ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၈၆ ဦး တက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)