Main menu

ချောက်မြို့နယ်၌ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်းချက်နှင့်အညီ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၁၈.၈.၂၀၂၃)ရက်နေ့ နံနက်(၀၇:၀၀)အချိန်တွင် ဒေသခံပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

     ချောက်မြို့နယ်တွင် ဒေါ်ပုနှင့်သမီးများဆီပွဲရုံနှင့် ဦးရဲမြင့်(ပခုက္ကူသား)ဆီပွဲရုံတို့က Grand Unity ဆီကုမ္ပဏီမှ ဝယ်ယူရရှိသော စားအုန်းဆီများကို ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် (၁၈.၈.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းမှစ၍ လူတစ်ဦးလျှင် စားအုန်းဆီ(၁) ပိဿာနှုန်းဖြင့် စတင်၍ ၎င်းတို့၏ပွဲရုံများတွင် ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။ အဆိုပါ သက်သာ သောစျေးနှုန်းဖြင့် ဝယ်ယူရရှိသည့် စားအုန်းဆီများကို ဆီပွဲရုံများတွင် နေ့စဉ်ဆီလက်ကျန်ကုန်ဆုံးသည် အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ဒေါ်ပုနှင့်သမီးများဆီပွဲရုံမှ ဆီအချိန်(၅၅၀) ပိဿာနှင့် ဦးရဲမြင့်(ပခုက္ကူသား)ဆီပွဲရုံမှ ဆီအချိန် (၃၃၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)