Main menu

တောင်တွင်းကြီးမြို့နယ်၌ မိုးစပါးလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုးသော ကျေးရွာအုပ်စုများအား စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီး ဌာနမှတာဝန်ခံများ၊ ကျေးရွာအုပ်စုရေးမှူးများ၊ ကျေးရွာအုပ်စုစာရေးများနှင့်တွေ့ဆုံခြင်းကို (၁၈.၈.၂၀၂၃) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

       မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက တောင်သူများအားအစေ့ချ စိုက်ပျိုးသောနည်း၊ ပျိုးထောင်စိုက်ပျိုးသောနည်းများအပြင် ဓါတ်မြေဩဇာသုံးစွဲနည်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းစသည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေမှုအခြေအနေကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်အေးက မိုးစပါးလျာထားချက်ပြည့်မီရေး မိမိတို့ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေကို ရှင်းလင်းပြောကြားပါသည်။

     ၎င်းနောက် တက်ရောက်လာကြသော ကျေးရွာအုပ်စုတာဝန်ခံများက မိုးစပါးလျာထားချက် ပြည့် မှီအောင်စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဇင်ဦးက မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်၊ လျာထား ချက်ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးကို တောင်သူများအား ဆက်စပ်ဌာနများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များကိုလည်း အချိန်မီတင်ပြသွားကြရန် ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)