စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်မြို့နယ်တာဝန်ခံဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်(၂၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် တောင်ကုတ်မြို့၊ မြို့မဈေးအတွင်း လက်လီ/ကားရောင်းချသည့် ဈေးဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကုတ်မြို့၊ မြို့မဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံနှင့်ဆေးဆိုင်များအား ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချရန်လိုအပ်ကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသောဆေးဝါးများကို ရောင်းချခြင်းမပြုကြရန်နှင့် ဆက်လက်၍ ကုန်မျိုးစုံရောင်းချသည့်ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက််ပြည့်စုံစွာဖော်ပြထားခြင်းမရှိ သောကုန်စည်များကိုမရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့် မညီသောကုန်စည်များကို ရောင်းချခြင်း တွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း ၊ ပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း လုပ်ငန်း ရှင်များလိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)