Main menu

ဘားအံမြို့၊ ပညာရေးကောလိပ်ဝန်း၊ အ.လ.က လေ့ကျင့်ရေး ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၁.၈.၂၀၂၃) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပညာရေး‌ကောလိပ်ဝင်း ၊ လှာကဒေါင်ကျေးရွာရှိ အ.လ.ကလေ့ကျင့်ရေးကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကျောင်းသား/သူများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

   ကျောင်းသား/သူများကို အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဌေး(ဒု-ကြီးကြပ်ရေးမှူး)က ကျောင်းသား/သူများကို စားသုံးသူများ၏ အခွင့်အရေးများ (၈) ချက်ကို သာဓကများနှင့်တကွ သိရှိမြင်သာအောင် ရှင်းပြပြီး ၊ စားသုံးသူများ ကိုယ်တိုင်လည်း နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက စားသုံးသူကိုယ်တိုင် စားသုံးသူ ရေးရာဦစီးဌာနသို့ တိုင်ကြားလို့ရကြောင်းရှင်းပြခဲ့ပြီး ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)က Online ရောင်းဝယ်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများကိုရှင်းပြခဲ့ပြီး ထိုအခမ်းအနားတွင် ကျောင်းသား/သူ (၁၂၀) ဦးနှင့် ဆရာ/မ ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)