Main menu

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ကို ၂၀၂၃-ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့် ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ရောင်းချနေသောဆိုင်များရှိ အသင့်သောက်အချိုရည်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော အချိုရည်များကို ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ထို့နောက် စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးမှ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ အဓိကထား ရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်  ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်း ရောင်းချခြင်း မပြုရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကုန်စည်အလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)