Main menu

ကလေးမြို့ (အ.လ.က)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သြဂုတ်လ ( ၂၂ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌  ကလေးဝမြို့(အ.လ.က) ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၂၅ ) ဦး၊ ကျောင်းသား/သူ ( ၂၅၀ ) ဦး၊ ၊ စုစုပေါင်း ( ၂၇၅ ) ဦးတို့အား အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင်  (အ.လ.က)ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူစန်းမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဉီးစီးဌာန၊ ဦးကျော်ကျော်မိုး(ဒု-ကြီးကြပ်ရေးမှူး)က  အခန်း( ၁၈ ) တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းအရာများကို သိပညာ ပေးဟောပြောခဲ့ပါသည်။ အသိပညာပေးဟောပြောရာတွင် ဒေါ်သိမ့်သိမ့်ထွန်း(ဒု-ဉီးစီးမှူး)က ကျောင်းသား/သူများကို မည်သည့်ပစ္စည်းကို ဝယ်ယူသည်ဖြစ်စေ မိမိတို့အနေဖြင့် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များပါမပါကို ကြည့်ရှု၍ ဝယ်ယူရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)