Main menu

ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၁၄.၈.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ “စိန်ရွှေမိုး” ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆန်များ၏ လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများအခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ဈေးကွက်တွင် ကြုံတွေ့နေရသော အခက်အခဲများအား တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းဆောင်ရွက်ပြီး၊ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

    ထိုသို့ဆွေးနွေးပြောကြားရာတွင် “စိန်ရွှေမိုး” ဆန်ရောင်း ဝယ်ရေးလုပ်ငန်းပိုင်ရှင်က ယခုရက်များတွင် ဆန်ဈေးမြင့်တက်လာကြောင်း၊ ရွှေဘိုပေါ်ဆန်း(၁)အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ဧရာမင်း ဆန်(၁)အိတ်လျှင်(၁၃၀၀၀၀)ကျပ် ၊ မနောသုခဆန်(၁) အိတ်လျှင် (၉၀၀၀၀)ကျပ် ၊ စောရှုပ်ဆန်(၁) အိတ်လျှင် (၇၁၀၀၀)ကျပ် ဈေးနှုန်းများရှိကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)