Main menu

“ မောင်းထောင်” ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူးသည် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်း‌ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၈.၂၀၂၃)ရက်နေ့၊နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ဘုရားကြီးရပ်ကွက်၊ သီရိမင်္ဂလာဈေးရှိ “မောင်းထောင်” ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေဆုံပါသည်။

 ထိုသို့တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြ ထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆွေးနွေးရာ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်က မိမိတို့သည် စားသုံးသူကာကွယ်ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ၏တာဝန်များနှင့် ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်သွားပါမည်ဟု ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)