Main menu

ထားဝယ်မြို့ပေါ်ရှိ မုန့်တိုက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၃ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ မုန့်တိုက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မုန့်တိုက်အတွင်းရောင်းချနေသော ပေါင်မုန့်၊ ကိတ်မုန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်မုန့်များရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းများ၊ မုန့်တိုက်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်အလက်များအား စားသုံးသူရေးရာဦးစီးဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများကိုလည်း လာရောက်လျှောက်ထားစေလိုကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)