Main menu

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်း အသိပညာပေး  (Talk Show) ဆွေးနွေးပွဲကို ၂၂.၈.၂၀၂၃ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

      ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက  စားသုံးသူကာကွယ်ရေးနှင့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ဦးစီးမှူး ဦးဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါတားမြစ်ချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရနိုင်မှုအခြေအနေ၊ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)