မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၁၈.၈.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့ ကန်သာယာ၊ တိုးချဲ့ရပ်ကွက် (အ.မ.က) မြင်သာကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း၊ ဦးစီးမှူးမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့၍ ဒု-ဦးစီးမှူး ဦးညီလွင်အေးမှ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် ကုန်အညွှန်းအမှတ်အသားအကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ပြီးနောက် ဒေါ်ဆုမြတ်ဝင်း၊ အငယ်တန်းစာရေးမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဦးနှင့် ဆရာ၊ ဆရာမ (၇)ဦး ကျောင်းသား၊ ကျောင်းသူ (၇၆) ဦး တက်ရောက်ခဲ့၍ ဌာနမှ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)