၁၈.၈.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများ၏ ဈေးကွက်အချက်အလက်များ ကောက်ခံနိုင်ရန်အတွက် ပမာဏနှိုင်းအစည်းအဝေးကိုကျင်းပရာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်မှူးနှင့်ဝန်ထမ်းများ မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဥက္ကဌ ၊ဒုဥက္ကဌနှင့် ငါးလုပ်ငန်းရှင်များ NEI၊မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်ဝန်ထမ်းများ စုစုပေါင်း (၃၀)ဦး တက်ရောက်ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားပြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ငါးလုပ်ငန်းကဏ္ဍအနေဖြင့် စာရွက်စာတမ်းထားရှိနိုင်ရန်အတွက် ဝိုင်းဝန်းကူညီပေးကြသူများကို ကျေးဇူးတင်ကြောင်း၊ NEI မှတာဝန်ရှိသူများက ငါးလုပ်ငန်းကဏ္ဍသည် မွနန်ပြည်နယ်တွင် ဒုတိယပို့ကုန်အများဆုံး ထုတ်လုပ်နိုင်သော ကဏ္ဍဖြစ်သည့်အတွက် စာရင်းဇယားအတည်တကျ ထားရှိနိုင်ရန်အတွက် စာရင်းကောက်ယူမှုများကို NEI မှ ကူညီသွားမည်ဖြစ်ကြောင်းပြောကြားပါသည်။ ဆက်လက်ပြီး တက်ရောက်လာသူများမှအပြန်အလှန်ဆွေးနွေးကြပြီး ငါးလုပ်ငန်း ကဏ္ဍစာရင်ကောက်ယူရန်အတွက် မွန်ပြည်နယ်(၁၀)မြို့နယ် အတွင်း တစ်မြို့နယ်လျှင် ကိုယ်စားလှယ်(၂)ဦးစီ ခန့်အပ်အတည်ပြုပြီး အစည်းအဝေးကို နေ့လယ်(၃:၀၀)နာရီတွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)