Main menu

ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် Gasifier ဆန်စက်ကိစ္စ ဆွေးနွေးညှိနှိုင်းပွဲ ပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် တိုင်းဦးစီးမှူး ဦးစိုးအောင် ၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးခွံ ဓာတ်ငွေ့သုံး Gasifier စက်ဖြင့် လည်ပတ်နေသော ဆန်စက်များ နှင့် ပတ်သက်၍ ဩဂုတ်လ ၂၁ ရက်နေတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်၊၊

      ဧရာဝတီတိုင်းဒေသကြီးသည် Gasifierအသုံးပြုလျက်ရှိသော ဆန်စက်အများဆုံးရှိသေ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး Gasifier စက်များ အသုံးပြု၍ ဆန်စက်လည်ပတ်ရာတွင် သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရန်နှင့် ရေဆိုးစစ်ကျန်များ စနစ်တကျပြုလုပ်ရန် ကျန်းမာရေးထိခိုက်မှုမရှိစေရေး ၊ အနံ့ဆိုးများ မထွက်စေရန် ခေတ်မီနည်းစနစ်များ အသုံးပြုရန်အတွက် သက်ဆိုင်ရာတိုင်းအဆင့်ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သွားရောက် စစ်ဆေးမည့် Gasifier ဆန်စက်များ စနစ်တကျရှိစေရေး သိပ္ပံနည်းကျ ခေတ်မီနည်းစနစ်များ အသုံးပြုရန်နှင့် Gasifier ဆန်စက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)