Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးအစည်းအဝေးခန်းမတွင် တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲတာဝန်ခံများသည် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရန်နှင့် အထက်အောက်အပြန်အလှန်လေးစားမှုရှိစေရေးသာမက ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ချစ်ခင်ရင်းနှီးမှုရှိစေရေး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီဖေးမစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဩဂုတ်လ ၂၂ ရက်နေ့ နေ့လယ်စာကို အတူတကွ ဝန်ထမ်းမိတ်ဆုံစားပွဲ ပြုလုပ်ခဲ့ပါသည်၊၊

        ဝန်ထမ်းမိတ်ဆုံစားပွဲတွင် တိုင်းဦးစီးမှူး ဦးစိုးအောင်က သီးစုံပဲကုလားဟင်းနှင့် ဝန်ထမ်းမိသားစုများကလည်း မိမိတို့အိမ်မှ ချက်ပြုတ်လာသော ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးဟင်းချဉ်ရည်ဟင်း၊ အကြော်အလှော်များ ငါးပိထောင်းစသည့် ဟင်းလျာများကို အပြန်အလှန်လဲလှယ်၍ တစ်ပျော်တစ်ပါး လက်ရည်တစ်ပြင်တည်း ပျော်ရွင်စွာ စားသောက်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)