Main menu

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုစီစံကိန်းရှိ Shuang Yi အထည်ချုပ်စက်ရုံ CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပုသိမ်မြို့စက်မှုစီမံကိန်းရှိ Shuang Yi (Pathein) Garment Co,Ltd အထည်ချုပ်စက်ရုံအား အဖွဲ့ခေါင်းဆောင် တိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးနိုင် အဖွဲ့ဝင် ၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနအပါအဝင် တိုင်းအဆင့်ဌာနဆိုင်ရာ (၇)ဦးနှင့် အတူသွားရောက်စစ်ဆေး ခဲ့ပါသည်၊၊

        Shuang Yi (Pathein) Garment Co,Ltd ကုမ္ပဏီအမည်ပိုင်ရှင် အမည်နှင့်လိပ်စာ၊ မန်နေဂျာ အမည်နှင့်လိပ်စာ တည်နေရာအကျယ်အဝန်းအား ခွင့်ပြုမိန့် ကုမ္ပဏီမှတ်ပုံတင်အမှတ်၊ စက်မှုလုပ်ငန်း မှတ်ပုံတင် စည်ပင်လိုင်စင်မှတ်ပုံတင်ပို့ကုန်သွင်းကုန်မှတ်ပုံတင် အမှတ်ကုမ္ပဏီထုတ်ကုန် အမျိုးအစားနှင့် အမှတ်တံဆိပ် ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် ရှယ်ယာပါဝင်မှု ၊ ရင်းနှီးမြှုပ်နှံမှုပုံစံ၊ ရင်းနှီးမြှုပ်နှံမှု သက်တမ်းအမှာစာရရှိမှု ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှု ပြည်တွင်းမှ ကုန်ကြမ်းဝယ်ယူမှု ၊ ကုန်ချောတင်ပို့မှု လ/နှစ်အလိုက်စာရင်းများ အသုံးပြုသည့် စက်ကိရိယာများ အလုပ်သမားဆိုင်ရာ အချက်အလက်များ ငွေစာရင်းပိုင်းဆိုင်ရာကိစ္စရပ်များ သက်ဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက် များ လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)