Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသို့ ဟိုတယ်ဇုန်များတွင် ပေါ်ဆန်းနှင့်ဧည့်မထဆန်များ ဝယ်ယူသုံးစွဲနိုင်ရေး လာရောက်ဆွေးနွေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးဦးအား ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဟိုတယ်တာဝန်ခံနှင့် ပုသိမ်မြို့ တိုင်းဆန်ကုန်သည်များအသင်း အတွင်းရေးမှူးတို့သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ငွေဆောင်၊ ချောင်းသာ ဟိုတယ်ဇုန် ကမ်းခြေလုပ်ငန်းကော်မတီ၏ ၁၄.၈.၂၀၂၃ ရက်နေ့ တင်ပြစာအရ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များ ငွေဆောင်၊ချောင်းသာ ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ပါသည်၊၊

      ကမ်းခြေခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ဟိုတယ်ဝန်ထမ်းများအတွက် ပြင်ပပုဂ္ဂလိက ဆန်ဆိုင်များမှ ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို လစဉ်ဝယ်ယူသုံးစွဲလျက်ရှိရာ ဟိုတယ်ဇုန်အနေဖြင့် အရည်အသွေးကောင်းမွန်သည့် ဒေသထွက်ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်တို့ကို လစဉ်ဝယ်ယူသုံးစွဲလိုပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်မှလည်း ဒေသထွက်ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များသာ ဝယ်ယူသုံးစွဲရန် လမ်းညွှန်ထားသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးရန် လာရောက်ဆွေနွေးလာမှုအပေါ် ဒုတိုင်းဦးစီးမှူးမှလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)