Main menu

ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ ရှမ်းပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ လောဓမ္မရပ်ကွက်များတွင် ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုး တင်သွင်းရောင်းချနေသော ဆေးဆိုင်များသို့ စပ်ဆေးထုပ်များနှင့် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No. (IR)များ ဖော်ပြထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးတင်သွင်း ဖြန့်ဖြူးရောင်းချနေမှုမရှိစေရေးနှင့်စပ်လျဉ်း၍ လုပ်ငန်း (၁၈)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆေးဆိုင်လုပ်ငန်းရှင်များအား အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးရောင်းချ ခွင့် လုပ်ငန်းလိုင်စင်များကို သက်ဆိုင်ရာဌာနတွင် လျှောက်ထားရယူပြီးမှသာ ဆေးဝါးရောင်းချခွင့်ရှိကြောင်း၊ အင်္ဂလိပ်ဆေးနှင့် ဗမာဆေးများအား ကောင်တာခွဲခြား၍ ရောင်းချရန်လိုကြောင်း၊ ဆေးဆိုင် များအနေဖြင့် ဆေးဝါးများ ရောင်းချနေခြင်းဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှု အထူးဂရုပြုရန်လိုကြောင်း၊ အချို့ဆေးဝါးများမှာ အပူချိန် ၃၀ ဒီဂရီဖာရင်ဟိုက်တွင် ထားသိုသိမ်းဆည်းရသည့် အတွက် ဆေးဆိုင်များတွင် အခန်းအပူချိန်တိုင်း ကိရိယာများတပ်ဆင်ထားရန် လိုအပ်ကြောင်း၊  တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်း၊ ဆေးဝါးများနှင့်အတုအပပြုလုပ်၍ ပုံစံတူ ရောင်းချနေသော ဆေးဝါးများအား တင်သွင်းဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်နှင့် စပ်ဆေးများအား ဆရာဝန်ခွင့်ပြုချက်လက်မှတ်မပါရှိပါက မိမိသဘောဖြင့် ရောင်းချခြင်းမပြုရန်၊ ဆေးဆိုင်ပိုင်ရှင်များ၏ ဆေးဝါးအထားအသို  မမှန်ကန်မှုကြောင့် ဆေးဝါးများ အာနိသင်လျော့ကြမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန် အသိပေးဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်းရှိ ဆေးပစ္စည်းနှင့် ဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မပြုကြရန်နှင့် ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန်၊ အခြားဒေသမှဆေးဝါးများမှာယူမည်ဆိုပါက ပြည်နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စိစစ်ကြပ်မတ်ရေးအဖွဲ့မှတဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၁၈)ဦးကလည်း သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)