၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့၊ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများအား စီမံရေးရာဌာနခွဲ၏ အဓိက ပင်မစာပေးစာယူ (Main Dispatch )တွင် ဝင်စာ/ထွက်စာများမှတ်ပုံတင်ခြင်း၊ စနစ်တကျ ဖိုင်တွဲခြင်းများနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ “ပင်မ စာပေးစာယူ (Main Dispatch )အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာ ပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၁) ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး၊ ဒေါ်အေးအေးမော်က ပင်မစာပေးစာယူ (Main Dispatch )အကြောင်း သိကောင်းစရာ အကြောင်းဆွေးနွေးရာတွင် ပင်မစာပေးစာယူမှဝင်စာများကို ဦးစွာမှတ်ပုံတင်ရေးသွင်း ခြင်း၊ ရာဘာတံဆိပ်တုံးရိုက်နှိပ်ပြီး မှတ်ပုံတင်အမှတ် ၊ ရက်စွဲ၊ အချိန်တို့ကို တိတိကျကျရေးသွင်းခြင်း၊ စနစ်တကျရေးသွင်းမှတ်ပုံတင်၍ ပြည်နယ်ဦးစီးမှူးထံတင်ပြပြီး ဖတ်ရှု့လက်မှတ်ရေးထိုးထားသည့် ပြန်ကျစာအား မှတ်ချက်ချထားသည့် ဌာနခွဲများသို့ဆက်လက်ဖြန့်ဝေပေးခြင်း၊ သက်ဆိုင်ရာဌာနခွဲ အမှုတွဲကိုင်များကလည်း စနစ်တကျ ဖိုင်တွဲခြင်း၊ ဝင်စာများ လိုအပ်၍ တောင်းပါက တစ်ပတ်အတွင်း (၁၀)မိနစ်၊တစ်လအတွင်း(၂၀)မိနစ်၊သုံးလအတွင်း(၃၀)မိနစ်၊ခြောက်လ(၁)နာရီခန့်အတွင်းပြန်လည် တင်ပြနိုင်ရန်၊ ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၆၃ (န)နှင့် ရုံးလုပ်ငန်းလက်စွဲပါ အခန်း ၄ တို့အရ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း အစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သည့် ဝန်ထမ်းများကလည်း သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ ကြပြီး နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊စနစ်တကျဖိုင်တွဲထားရှိခြင်းတို့နှင့် စပ်လျဉ်း၍အသိပညာဗဟုသုတ များတိုးပွားပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ကယား)