Main menu

အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်နှင့်ဆွေးနွေး

Powered by Drupal

   အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည်များကို အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင်က ၂၄-၈-၂၀၃ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးသို့ လာရောက်မေးမြန်းစုံစမ်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးမှ လက်ခံတွေ့ဆုံ၍ လုပ်ငန်းရှင်သိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း  သိရသည်။

      ထိုသိုတွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အိမ်ခြံမြေအကျိုးဆောင် ဝန်ဆောင်မှုပေးသော လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် လုပ်ငန်း၏ အမှတ်တံဆိပ်( logo) အား မူပိုင်ခွင့်မှတ်ပုံတင် လိုပါကြောင်းနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ရာတွင် ဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို  မူပိုင်ခွင့်ဦးစီးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနသည် မိမိတို့၏ဝန်ကြီးဌာနဖြစ်သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက် အောက်တွင်ရှိသော ဦးစီးဌာနတစ်ခုပင်ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ပတ်သက်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းတရားဝင်လက်ခံခြင်းကို ၂၀၂၃ခုနှစ် ဧပြီလ ၂၆ ရက်နေ့စ၍ ဖွင့်ခဲ့ပြီး လျှောက်ထားချက်များလက်ခံခြင်းကို အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် လည်းကောင်း၊ ရန်ကုန်၊နေပြည်တော်၊ မန္တလေးတို့ရှိ မူပိုင့်ခွင့်ဦးစီးဌာန ရုံးများမှလည်းကောင်း လက်ခံဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအတွက် လိုအပ်သောအချက်အလက်များနှင့် ဆောင်ရွက်ရန်များကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

      မူပိုင်ခွင့်ဦးစီးဌာနသည် ယခု(ပညာရေးဝန်ကြီးဌာန) ယခင်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်တွင် မူပိုင်ခွင့်ဌာနအဖြစ်တည်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် မူပိုင်ခွင့်ဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ကြောင်းနှင့်  မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ ကြောင်း သိရသည်။

DOCA(ကရင်)