Main menu

တစ်တန်တစ်အိတ်ဆန်များ အများပြည်သူထံ ပြန်လည်ရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

    တစ်တန်တစ်အိတ်ဆန်များ အများပြည်သူထံပြန်လည်ရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Online မှ virtual စနစ်ဖြင့် Zoom Meeting ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဌာနခွဲတာဝန်ခံများတက်ရောက်ခဲ့ကြသည်။

   အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးရဲမင်းဦးက တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဆန်လိုအပ်ချက်တင်ပြမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ထောက်ခံမှုဖြင့် ဆန့်ဖြန့်ဝေရောင်းချပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကာ အစည်းအဝေးသို့တက်ရောက်လာသော စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ဒေသအလိုက် ဆန်လိုအပ်ချက်အခြေအနေများကို တင်ပြခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အသင်းဥက္ကဋ္ဌများ ပြန်လည်ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

       အဆိုပါတစ်တန်တစ်အိတ်ဆန်များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပပို့ကုန်လိုင်စင် လျှောက်ထားမှုအပေါ်အခြေပြုလျက် တစ်တန်လျှင် တစ်အိတ် နှုန်းဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူစုဆောင်ထားသော ဆန်များဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အနေဖြင့် အခြေခံစားကုန် ဆန်‌ဈေးနှုန်းတည်ငြိမ်စေရေး အတွက် စက်မှုဇုန်များမှ အခြေခံလုပ်သားများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများ၊ ဝင်ငွေနည်းပါးသည့် လုပ်သားပြည်သူများထံသို့ ကုန်စည်ဒိုင်များမှတဆင့်ရောင်းချပေးခြင်း၊ သိုလှောင်ရုံများမှ တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းသို့ ရောင်းချပေးပြီး လုပ်သားပြည်သူများထံသို့ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(ကရင်)