ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၂၄.၈.၂၀၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောပွဲ ဆွေးနွေးခြင်း (၈/၂၀၂၃) Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။
Thursday Talk ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် တာဝန်ခံ ၊ ဦးဝင်းမြင့် ဒုတိယကြီးကြပ်ရေးမှူးမှ ၎င်း၏ လုပ်ဆောင်ချက်များဖြစ်သည့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပေးအပ်ထားသည့် တာဝန်များ ၊ ခရိုင်ဦးစီးမှူးရုံးမှ ပေးအပ်ထားသည့် တာဝန်များ ၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ တာဝန်များအား မြို့နယ်တာဝန်ခံတစ်ဦးအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ပုသိမ်မြို့နယ်အတွင်းရှိ ပြုလုပ်ခဲ့သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် Talk Show များ ၊ စားသုံးသူအသိပညာပေး ဟောပြောပွဲများ၊ လုပ်ငန်းရှင်အသိပညာပေး ဟောပြောပွဲများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(ဧရာဝတီ)