Main menu

ဘိုကလေးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအ‌ရောင်းဆိုင်များသို့ အချိုရည်ဘူးများတွင် ကုန်အညွှန်း အမှတ်အသားများ ပါဝင်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်  တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်၊ ကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအ‌ရောင်းဆိုင်များသို့ အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ / မရှိနှင့် FDA ထောက်ခံချက်  ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်ဘူးများတွင် (Max+ Royal-D Speed SHARK V-Code) တို့တွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ FDA ထောက်ခံချက်အမှတ်အသားများရေးသားဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။ ထိုနောက် ရောင်းချနေသော လုပ်ငန်းရှင်များကိုလည်း ကုန်အညွှန်း  အမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကို ရောင်းချကြရန်နှင့် တရားမဝင်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ကုန်စည်များကို ဝယ်ယူရောင်းချခြင်း မပြုကြရန်   အသိပညာပေး ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)