စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ ခု နှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၂၅-၈-၂၀၂၃) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ (MRTV) အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀:၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးခင်မောင်ဆွေ၊ (လ/ထ-ညွှန်မှူး)က စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း(၁၂၀)ခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)