Main menu

တပ်ကုန်းမြို့နယ်၊ (ဆရာစံရပ်ကွက်) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခု နှစ်၊ ဩဂုတ်လတတိယပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂၅-၈-၂၀၂၃) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ (ဆရာစံရပ်ကွက်) အခြေခံပညာမူတန်းလွန်ကျောင်း၌ နေ့လယ် (၁၃:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးခင်မောင်ဆွေ၊ (လ/ထ-ညွှန်မှူး)က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြား နိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း(၆၄)ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြာပွဲကို နေ့လည်(၂:၀၀)နာရီချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)