Main menu

စားသုံးသူအခွင့်အရေးဖို့ အခြေခံမူလတန်းကျောင်း ဟောပြောစို့

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေမြင်တင် မူလတန်းကျောင်းတွင်(၂၂.၈.၂၀၂၃) နံနက် (၁၀း၀၀) နာရီက ကျောင်းသား၊ ကျောင်းသူလေးများအား စားသုံးရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက စားသုံးသူအခွင့်အရေး သိရှိနားလည်နိုင်စေရန် အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ကြပါသည်။

         အဆိုပါဟောပြောပွဲတွင် ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်ရှိ ရွှေမြင်တင် အ.မ.က ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်း၊ စားသုံးသူတို့သည် ကုန်စည်ကိုဝယ်ယူရာတွင် ထုတ်လုပ် ရက်စွဲ၊ ကုန်ဆုံးရက်စွဲကြည့်၍ ဝယ်ယူတတ်ရန်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများ၊ သက်ဆိုင်ရာအစိုးရဌာနတို့၏ ဖော်ပြရန် သတ်မှတ်ချက်များ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ထုတ်လုပ်သူလုပ်ငန်းအမည်နှင့် လိပ်စာများကို အကြမ်းဖျင်း သေချာစွာကြည့်ရှု၍ ဝယ်ယူတတ်စေရန်၊  ကုန်စည်များကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါ အချက်အလက်များကို သိရှိနားလည်ပြီး ရွေးချယ်ဝယ်ယူနိုင်ရန် အသိပညာပေးခြင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်း ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးခွန်းမေးမြန်းခြင်း ပြန်လည်ဖြေကြားခြင်း အမေးအဖြေကဏ္ဍဖြင့် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)