စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲယဉ်ဝင်းနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေတို့ပူးပေါင်း၍ (၂၅.၈.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲတွင် သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်က ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူတို့ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်အကြောင်း၊ ဒု-ဦးစီးမှူး ဒေါ်ရီရီထွေးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များအကြောင်း၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကုန်ပစ္စည်းဝယ်ယူလျှင် စစ်ဆေးဖွယ်အချက်များအား နမူနာပစ္စည်းနှင့်တကွရှင်းပြခြင်းနှင့် စားသုံးသူတို့၏ တာဝန်(၄)ချက် အကြောင်း၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေက ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်းကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားခွင့်များ၊ CICC ရုံးများဖွင့်လှစ်ထားရှိပြီး နစ်နာသူများအနေဖြင့် Consumer Call Center (1535)သို့ လည်းကောင်း၊ Facebook နှင့် DOCA Myanmar Mobile Application တို့မှလည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၃)ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၆၅)ဦး၊ စုစုပေါင်း(၂၇၈)ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်တွင် ဖတ်ရှုနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်အား ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ခဲ့ပြီးနောက် ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများနှင့်အတူ သွားရောက်၍ ဈေးဆိုင်များအား သွားရောက်ကြည့်ရှုကာ ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးအန္တရယ်ကင်းရှင်းသည့် စားသောက်ကုန်များအား ရောင်းချစေရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)