Main menu

အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် နွေသုခဆန်များ ရောင်းချပေးခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းပူးပေါင်း၍ ဒေသခံအခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင် (ဦးစီးမှူး)သည် (၂၆.၈.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)အချိန်တွင် စလင်းမြို့နယ် စည်ပင်သာယာပန်းခြံရှေ့၌ စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ နွေသုခဆန်များကို တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၄၈၀)အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါရောင်းချပွဲတွင် စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးနန်းဦးမောင်၊ ဈေးမရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆန်စက်လုပ်ငန်း ရှင်များအသင်း ဥက္ကဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်(၃)ဦးတို့မှ ပူးပေါင်း၍ စလင်းမြို့ပေါ်ရှိ ဒေသခံအခြေခံ လူတန်းစားများ စားဝတ်နေရေးအထောက်အကူပြုစေရန်အတွက် ဒေသမှထွက်ရှိသော နွေသုခ ဆန်တစ်ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် အိမ်ထောင်စု (၄၈၀)အတွက် ဆန်အိတ်ရေ (၂၀)အား ရောင်းချပေးခဲ့ပါသည်။

          ပြည်သူတို့၏ လူမှုစီးပွားရေး အထောက်အကူပြုစေရန် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဒေသခံအခြေခံလူတန်းစားများကို နွေသုခဆန်တစ်ပြည်လျှင် ကျပ်(၂၅၀၀) သက်သာသော ဈေးနှုန်းဖြင့် အပတ်စဉ် စနေနေ့တိုင်း (၈)ကြိမ်ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသန်းနိုင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)